မိုင်းပျဉ်းမြို့နယ်မှတာချီလိတ်မြို့နယ်သို့ လာသည့် ၁၂ ဘီးကားပေါ်မှ ကြက်သွန်နီ/ကုန်စုံများအောက်တွင်ငွေကျပ် ၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

0
197

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊မယ်ယန်းကျေးရွာရှိ မယ်ယန်းစစ်ဆေးရေးစခန်းတွင် မတ် ၄ ရက်မွန်းတည့်၁၂ နာရီခန့်က ကျိုင်းတုံဘက်မှတာချီလိတ်ဘက်သို့ စိုင်းအောင်လတ် မောင်းကာ ဝေယံထွန်း လိုက်လာသည့် NISSAN DIESEL ၁၂ ဘီးကုန်တင်ကားစစ်ဆေးခဲ့ကြသည်။

ကားပေါ်တွင် ကြက်သွန်နီ/ကုန်စုံများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် အဝါရောင်ပီနံအိတ်များဖြင့်ထည့်ထားသည့် ငွေကျပ် ၄ ဒသမ ၀၆၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၀၁ ဒသမ ၇ သိန်း အားဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

စစ်ဆေးချက်အရ စိတ်ကြွဆေးပြားများအား မိုင်းပျဉ်းမြို့နယ်မှတာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ ၂ ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here