အလုပ်သမားများအတွက် ကိုယ်ပိုင်မြို့တစ်မြို့ တည်ဆောက်ရန် အီလွန်မတ်စ် စီစဉ်လျက်ရှိ

0
117

ဘီလျံနာသူဌေးကြီး အီလွန်မတ်စ်သည် တက္ကဆပ်စ်ပြည်နယ်တွင် သူ၏ အလုပ်သမားများအတွက် စနေးဘရွတ်ဟု အမည်ပေးထားသည့် ကိုယ်ပိုင်မြို့တစ်မြို့ တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။

အီလွန်မတ်စ် ပိုင်ဆိုင်သော ဘိုးရင်းဆောက်လုပ်ရေးကုမ္ပဏီ၏ အကြီးအကဲများအဖွဲ့သည် အဆိုပါ စနေးဘရွတ်ခေါ် မြို့ကို တက္ကဆပ်စ်ပြည်နယ်၏ မြို့တော် အော်စတင်၏ အပြင်ဘက် ၃၅ မိုင် အကွာတွင်ရှိသော ဘတ်စထရွပ် ကောင်တီတွင် တည်ဆောက်ရန် ဆွေးနွေးနေကြောင်း သိရသည်။

မြို့တည်ဆောက်ရန်အတွက် လယ်ဧကပေါင်း ၃၅၀၀ ထက်မနည်း ဝယ်ယူထားပြီဖြစ်ကြောင်း ဝေါစထရိ့ ဂျာနယ်က ဖော်ပြထားသည်။

အဆိုပါ ပရောဂျက်သာ အောင်မြင်ပါက မက်စ်သည် သူ၏ အလုပ်သမားများအတွက် တစ်လလျှင် ဒေါ်လာရှစ်ရာသာ ကျသင့်မည့် အိပ်ခန်း သုံးခန်းပါရှိသော ဈေးသက်သာသည့် နေအိမ်များကို ဆောက်လုပ်ပေးနိုင်မည်ဖြစ်သည်။ အဆိုပါမြို့တွင် ဘိုးရင်း၊ တက်စလာ နှင့် စပေ့အိတ်စ် ကုမ္ပဏီများမှ ဝန်ထမ်းများ အတူတကွ နေထိုင်နိုင်ကာ အလုပ်လုပ်နိုင်မည် ဖြစ်သည်။

စနေးဘရွတ်မြို့နှင့် ပတ်သက်၍ ဆွေးနွေးပွဲများစွာ ပြုလုပ်ခဲ့သော်လည်း အပြီးသတ်အစီအစဉ်များ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း ဆွေးနွေးပွဲများနှင့် ရင်းနှီးသူတစ်ဦးက ပြောလာခဲ့သည်။

ထို့ပြင် ဘတ်စထရွပ် ကောင်တီတွင် မြို့တည်ဆောက်လိုပါက အနည်းဆုံး ဒေသခံ ၂၀၁ ဦးနှင့် ကောင်တီ တရားသူကြီးထံမှ ခွင့်ပြုချက် ရယူရမည် ဖြစ်သည်။

Source: Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here