ဟိုးလေးတကျော်ဖြစ်သွားသော ဂျပန်မှ ဆူရှီအကြမ်းဖက်သူ သုံးဦး အဖမ်းခံရ

0
265

ဂျပန်နိုင်ငံရှိ ဆူရှီစားသောက်ဆိုင်များတွင် ဖေဖော်ဝါရီလ အစောပိုင်းက ဆူရှီအကြမ်းဖက်သူများဟု အမည်ပေးခဲ့ရသည်အထိ ညစ်ညမ်းသော အပြုအမူများအား ပြုလုပ်ခဲ့သည့် လူငယ်များကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လူငယ်များသည် ဆူရှီဆိုင်များရှိ အများသုံး ငံပြာရည် ပုလင်းနှင့် လက်ဖက်ရည်ခွက်ကို လျှာဖြင့်လျှက်ခြင်း၊ ရွေ့လျားစက်ခါးပတ်ပေါ်တွင် ဖြတ်သွားသော ဆူရှီများကို တံတွေးဖြင့် စွပ်ခြင်းတို့ ပြုလုပ်ပြီး ဆိုရှယ်မီဒီယာပေါ်တွင် ပြန်လည်မျှဝေခဲ့ကြသည်။

ထိုဖြစ်ရပ်သည် သန့်ရှင်းသပ်ရပ်မှုတွင် နာမည်ကြီးလှသော ဂျပန်နိုင်ငံ၌ လူပြောများစရာဖြစ်ခဲ့ပြီး စားသုံးသူများက တိုင်ကြားကြသဖြင့် ထိုစားသောက်ဆိုင်များ၏ စတော့ရှယ်ယာများ ကျဆင်းခဲ့ရသည်။

ထို့ကြောင့် အသက် ၂၁ နှစ်အရွယ် ရိုဂါ ယိုရှီနို၊ အသက် ၁၅ နှစ်အရွယ် အမည်မဖော်လိုသူ မိန်းကလေးတစ်ဦးနှင့် အသက် ၁၉ နှစ်အရွယ် ယောင်္ကျားကလေးတစ်ဦးကို အခြားသူ၏ စီးပွားရေးအား ဖျက်လိုဖျက်ဆီးလုပ်မှုဖြင့် မတ်လ ၈ ရက် ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖော်ပြထားသည်။

ယခုလက်ရှိတွင် အဆိုပါ လူငယ် သုံးဦးအား စွဲချက်မတင်ရသေးသော်လည်း ဂျပန်နိုင်ငံ၏ ဥပဒေအရ အခြားသူ၏ စီးပွားရေးကို နှောက်ယှက်ဖျက်ဆီးကြောင်း တွေ့ရှိပါက ထောင်ဒဏ်သုံးနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။

Source: Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here