ပြည်ပသို့ ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိထား

0
131

ယခုဘဏ္ဍာနှစ်၏ ဆယ်လကျော်ကာလအတွင်း ပြည်ပသို့ ပဲတန်ချိန် ၂ သန်းခန့်တင်ပို့ထားပြီး ယင်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အလားတူ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲတန်ချိန် ၁ ဒသမ ၆၆ သန်းကျော်တင်ပို့ထားပြီး ယခုဘဏ္ဍာနှစ်တွင် တန်ချိန် ၃ သိန်း ၆ သောင်းကျော်ပိုမိုတင်ပို့ထားခြင်းဖြစ်သည်။

ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ မတ်ပဲတင်ပို့မှုသည် တန်ချိန် ၆ သိန်းကျော်နှင့် ပဲတီစိမ်းတင်ပို့မှုသည် ၅ သိန်း ၇ သောင်းကျော်ဖြင့် အများဆုံးတင်ပို့ထားခြင်းဖြစ်သည်။ ပြည်ပသို့ပဲတင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ ၁ ဒသမ ၄၂ သန်း ကျော်နှင့် နယ်စပ်လမ်းကြောင်းမှ တန်ချိန် ၂ သိန်း ၃ သောင်းကျော် တင်ပို့ထားခြင်းဖြစ်ကြောင်း စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံတင်ပို့မှုသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အဓိကသီးနှံတွေအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့ကို စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုမှာတော့ ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here