ရွှေဈေးကွက်အတွင်း အရောင်းအဝယ်မရှိအေးနေ

0
224

ကမ္ဘာ့ရွှေဈေးနှင့် ပြင်ပရွှေဈေးကွက်အတွင်း ရွှေဈေးအနည်းငယ်တတ်နေသော်လည်း ဈေးကွက်အတွင်းအရောင်းအဝယ်မရှိအေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက သိရသည်။

“ ဈေးကွက်ထဲမှာ အရောင်းအဝယ်ကမရှိသလောက်ကို အေးနေတာ။ ကမ္ဘာ့ရွှေဈေးအတက်အကျရှိနေပေမယ့် ပြည်တွင်းမှာတော့ ပုံမှန်လိုပဲဈေးက ငြိမ်နေတဲ့သဘောတော့ရှိပါတယ်။ အေးနေတာပေါ့”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ယနေ့(မတ်လ ၁၀ ရက်) ကမ္ဘာ့ရွှေဈေးတစ်အောင်စတွင်ဒေါ်လာ ၁၈၃၃ ဖြစ်ပြီး အသင်းကထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းမှာလည်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားလျှင် ၂၁၅၉၅၀၀ ရှိကြောင်းသိရသည်။

ယင်းအပြင် ဗဟိုဘဏ်ပြင်ပငွေကြေးဈေးကွက်အတွင်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၂၈၆၀ ကျပ်ဖြစ်ပြီး ပြင်ပရွှေဈေးကွက်အတွင်းမှာလည်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားလျှင် ၂၈ သိန်းအထက်တွင်ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here