မြစ်အလယ်မှာ ဆောက်ထားတဲ့ တရုတ်ပြည်က ထူးခြားတဲ့ အဝေးပြေး တံတားကြီး

0
251

တရုတ်နိုင်ငံ ဟူးပေပြည်နယ်မှာ သာမန်တံတားတွေနဲ့ မတူဘဲ ထူးခြားပြီး စိတ်ထဲစွဲနေအောင် အာရုံထဲက ဖျောက်မရအောင် ဆောက်လုပ်ထားတဲ့ အဝေးပြေးတံတားကြီး တစ်စင်းရှိနေပါတယ်။

၂၀၁၅ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ အဲဒီတံတားဟာ သာမန်မြစ်ကူးတံတားတွေလို မဟုတ်ဘဲ မြစ်ကြောတစ်လျှောက် မြစ်အလယ်မှာတည်ပြီး ဆောက်လုပ်ထားတာပါ။ 

အဲဒီတံတားကြီးဟာ ဆင်းကျန်း ကောင်တီ မှာရှိတဲ့ ဂူဖူကျန်းမြို့ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ရှန်ဟိုင်းနဲ့ ချန်းဒူမြို့ကြား ပြေးဆွဲနေတဲ့ အဓိက အဝေးပြေးလမ်းမကြီးနဲ့ ချိတ်ဆက်ပေးထားတာ ဖြစ်ပါတယ်။

အခုလိုမျိုး အဝေးပြေးလမ်းမကြီးတစ်ခုကို ဘေးမှာလွတ်နေတဲ့ ကုန်းပေါ်မှာ မဟုတ်ဘဲ ထူးထူးခြားခြား မြစ်ထဲမှာ ဆောက်လုပ်ခဲ့ရတာကတော့ ကုန်ကျစရိတ် ပိုသက်သာပြီး ပိုထိရောက်တဲ့အတွက် ဖြစ်ပါတယ်လို့ တရုတ်အင်ဂျင်နီယာတွေက ပြောပါတယ်။

တံတားဆောက်လုပ်ဖို့အတွက် အမေရိကန် ဒေါ်လာ ၇၁ သန်း အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။ ဂူဖူကျန်း မြို့ကနေ အဓိက အဝေးပြေးလမ်းဆီကို ကားမောင်းသွားရင် အရင်က တစ်နာရီကြာပေမယ့် အခုအခါမှာတော့ အဲဒီတံတားကြောင့် မိနစ် ၂၀ ပဲ ကြာပါတော့တယ်။

စတင်ဖွင့်လှစ်တဲ့ အချိန်ကစပြီး ၈ နှစ်တာကာလအတွင်း အဲဒီအဝေးပြေးတံတားကြီးဟာ သူ့ရဲ့ ထူးခြားမှုကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတစ်နေရာ ဖြစ်လာပါတယ်။ ဒီတံတားကို ဖြတ်ကူးကြည့်ဖို့နဲ့ လှပတဲ့ ရှုခင်းတွေ ခံစားကြည့်ကြဖို့ ဟူးပေပြည်နယ်ဆီ လူသန်းနဲ့ချီ လာရောက်နေတယ်လို့လည်း သိရပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here