ဆိုင်ကယ်စီးလာသည့်မိသားစု၃ ဦးသေနတ်ပစ်ခံရရာ၌မိဘ၂ပါးသေဆုံးကာ အသက်(၃)နှစ်အရွယ်ကလေးငယ်အသက်ရှင်ကျန်ခဲ့

0
301

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊သင်ပန်းကုန်းရပ်ကွက်တွင် ဆိုင်ကယ်စီးလာသည့် မိသားစုဝင် ၃ ဦး မတ် ၁၁ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီကျော်ခန့်က ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား ၂ ဦးက မိသားစုဝင် ၃ ဦးမောင်းနှင်လာသည့် ဆိုင်ကယ်နောက်မှလိုက်ပါလာပြီးနောက် ပြည်ကြီးတံခွန်မြို့နယ်၊သင်ပန်းကုန်းရပ်ကွက်၊ ၁၁၆ A လမ်းတွင် သေ နတ်ဖြင့်ပစ်ခတ်၍ ဆိုင်ကယ်လဲကျသွားချိန်တွင် ပိုက်ဆံအိတ်နှင့်ဆိုင်ကယ်တို့အား လုယက်ယူဆောင်မောင်းနှင်၍ ထွက်ပြေးသွားခဲ့ကြသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် ဦးသိန်းသန်းစိုး(၂၃နှစ်)နှင့်ဇနီးဒေါ်ပုံပုံ(၂၃နှစ်)တို့သည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ၎င်းတို့၏ အသက်(၃)နှစ်အရွယ်ရှိကလေးငယ်ကတော့ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

“သေဆုံးသူ ၂ ယောက်လုံးက နားထင်နဲ့မျက်လုံးတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့သေဆုံးသွားတာပါ။ ရုပ်အလောင်းတွေကိုဆေးရုံပို့ထားပါတယ်။သူတ်ို့မှာ ၃ နှစ်အရွယ်ကလေးငယ်ကျန်ခဲ့တယ်။ ဖြစ်စဥ်ဖြစ်ဖြစ်ချင်းမှာ ကလေးကိုပတ်ဝန်း ကျင်ကစောင့်ရှောက်ပေးထားတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here