အင်းစိန်ပြည်သူ့ဆေးရုံကြီး၌၃ မြွှာပူးကလေးငယ်များ အောင်မြင်စွာဖွားမြင်

0
169

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်ရှိ အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် ၃ မြွှာပူးကလေးငယ်များအား မတ် ၁၀ ရက်နံနက်က အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့သည်။

အင်းစိန်ပြည်သူ့ဆေးရုံကြီး၏ သားဖွားမီးယပ်ဌာ နမှ ကျန်းမာရေးစောင့်ရှောက်မှုပေးပြီးနောက် ယမန်နေ့နံနက် ၁၀ နာရီ ၃၃ မိနစ်တွင် အောင်မြင်စွာခွဲစိတ်၍ မွေးဖွားခဲ့သည်။

၃ မြွှာပူးကလေးငယ်များသည် မိန်းကလေးများဖြစ်ပြီး မွေးကင်းစတွင်ပေါင်ချိန်(၃)ပေါင်(၁၄)အောင်စ စီရှိပြီး မိခင်ရောကလေးပါကျန်းမာလျှက်ရှိသည်။

ကလေးငယ်များ၏ မိခင်ဖြစ်သူမှာ ရွှေပြည်သာမြို့နယ်နေ ဦးဇာနည်မြင့်အောင်၏ဇနီး ဒေါ်ဇင်သိမ့်သိမ့်အေး(၃၀)နှစ်ဖြစ်ကာ အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် ၎င်း၏ တတိယကိုယ်ဝန်အား မီးမဖွားမီ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုခံယူခဲ့သူဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here