ကျိုက်ထီး​ဆောင်းဆံတော်ရှင်စေတီတော်အဝင် ဂဝံမုခ်ဦးဖွင့်လှစ်

0
207

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ဇုတ်သုတ်ကျေးရွာ၊ကန်သာယာရပ်ကွက်ရှိ ကျိုက်ထီးဆောင်းဆံတော်ရှင်စေတီတော်အဝင် ဂဝံမုခ်ဦးအား မတ် ၁၁ ရက်(ယနေ့)နံနက် ၉ နာရီခွဲကဖွင့်လှစ်ခဲ့သည်။

ကျိုက်ထီးဆောင်းဆံတော်ရှင်စေတီအဝင် ဂဝံမုခ်ဦးအား ကျိုက်ထီးဆောင်းဒုတိယဒီပဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ကမ္ဘာ့ငြိမ်းချမ်းရေးပါရဂူ ဂုဏ်ထူးဆောင် ဒေါက်တာ ဘဒ္ဒန္တနာဂဒီပ၏ အနီးကပ်ကြီးကြပ်ညွန်ကြားမှုနှင့်အတူ ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဂဝံမုခ်ဦး ပြန်လည်တည်ဆောက်ရသည့်အကြောင်းအား ကျိုက်ထီးဆောင်းဒုတိယဆရာတော်ဒေါက်တာဘဒ္ဒန္တနာဂဒီပမှရှင်းလင်းမိန့်ကြားခဲ့သည်။

ထို့နောက် ဂဝံမုခ်ဦးအား ကျိုက်ထီးဆောင်းဒုတိယဒီပဆရာတော်နှင့်ကြွရောက်တော်မူလာကြသည့် ဆရာတော်များကဖွင့်လှစ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here