ဗြိတိန်မှ မိခင်တစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်မသေခင် သားငယ်နှစ်ဦးကိုပါ လည်ပင်းညှစ်၍ အဆုံးစီရင်မှုဖြစ်ပွား

0
260

ဗြိတိန်နိုင်ငံမှ အသက် ၄၇ နှစ်အရွယ် မိခင်တစ်ဦးသည် ကိုယ့်ကိုယ်ကိုယ် သတ်မသေခင် သူ၏ သားငယ်နှစ်ဦးကို အသက်ရှုကြပ်အောင် လည်ပင်းညှစ်ကာ သတ်ခဲ့ကြောင်း သိရသည်။ 

အသက် ၇ နှစ်အရွယ် မက်ဆီမက်စ်နှင့် ၉ နှစ်အရွယ် အလက်ဇန်းဒါးတို့၏ ရုပ်အလောင်းများကို မိခင်ဖြစ်သူ နက်ဒ်ဂျာ ဒီ ဂျေဂါ၏ အလောင်းနှင့်အတူ သူတို့၏ နေအိမ်၌ ဖေဖော်ဝါရီလ ၉ ရက် ကြာသပတေးနေ့တွင် ရဲတပ်ဖွဲ့က ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

နက်ဒ်ဂျာသည် အိမ်ခြံမြေကုမ္ပဏီ သူဌေးတစ်ဦးဖြစ်ပြီး ခင်ပွန်းဖြစ်သူနှင့် တရားဝင် ကွာရှင်းထားသူဖြစ်သည်။

အဆိုပါဖြစ်ရပ်မှာ လန်ဒန် အရှေ့တောင်ဒေသ၊ ဗယ်လ်ဗာဒီးရားမြို့ရှိ နက်ဒ်ဂျာ၏ နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်ဆိုးနှင့် ဆက်စပ်၍ အခြားသံသယရှိသူ မရှိသဖြင့် မည်သူ့ကိုမျှ ရှာဖွေနေခြင်း မရှိကြောင်း ပြောခဲ့သည်။

သေဆုံးသူများ၏ ခန္ဓာကိုယ်ပေါ်တွင် လက်နက်ကြောင့်ရသော ဒဏ်ရာများ မတွေ့ရှိရသောကြောင့် အသက်ရှုကြပ်အောင် လည်ပင်းညှစ်၍ သတ်ခဲ့သည်ဟု ယုံကြည်ရကြောင်း သည်ဆန်း သတင်းစာက ဖော်ပြထားသည်။

သို့ရာတွင် သေဆုံးရခြင်း၏ အကြောင်းရင်းကို သေချာစွာ ဆုံးဖြတ်နိုင်ရန်အတွက် အလောင်းများကို ခွဲစိတ်ရဦးမည်ဟု သိရသည်။

Source: Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here