မည်သို့ အခြေနေမျိုးမှာမဆို ပင်လယ်နက်ဂျုံတင်ပို့မှုကိုမူ ဆက်လုပ်ရမည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အကြီးအကဲပြော

0
420

ပင်လယ်နက်ဆိပ်ကမ်းများမှတစ်ဆင့် ယူကရိန်းဂျုံနှင့် အခြားကောက်ပဲသီးနှံများကို တင်ပို့ခွင့်ပြုထားသော သဘောတူညီချက်အား မည်သည့်အခြေအနေမျိုးမှာမဆို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အကြီးအကဲကပြောကြားခဲ့သည်။

ပင်လယ်နက်သဘောတူညီမှုအား ဆက်လက်မလုပ်ဆောင်ပါက ကမ္ဘာ့ပြည်သူများအတွက် ငတ်မွတ်မှုဘေးရှိလာနိုင်ကြောင်းပြောကြားခဲ့သည်။ ကိုဗစ်၊ ပဋိပက္ခ၊ရာသီဥတုပြောင်းလဲလာမှု၊ ယူကရိန်းစစ်အစရှိသည့်အရာများနှင့် တုကီယေး – ဆီးရီးယားငလျင်ကဲ့သို့သော သဘာဝဘေးခံစားနေရသူများအတွက် ပိုမိုကျပ်တည်းကာ ဒုက္ခရောက်လာနိုင်သဖြင့် သဘောတူညီချက်၏သက်တမ်းကို ထပ်တိုးသင့်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

သဘောတူညီချက်သက်တမ်းမကုန်ဆုံးမီ၌ ယူကရိန်းဂျုံတင်ပို့မှုမှတစ်ဆင့် လူသန်း ၄၀၀ လောက်အား အထောက်အကူဖြစ်စေခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အနေဖြင့်လည်း ပင်လယ်နက်သဘောတူညီချက်ကြောင့် လူပေါင်း ၃၆ သန်းကို အစားအစာမျှဝေပေးနိုင်ရန်စီမံနိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။

သဘောတူညီချက်အား ဆက်မလုပ်နိုင်ပါက ကမ္ဘာ့ပြည်သူများ အနေဖြင့် မတည်ငြိမ်မှု၊အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းမှုနှင့် ငတ်မွတ်ခေါင်းပါးမှုများနှင့်ကြုံတွေ့ရနိုင်သည်ဟုလည်းပြောကြားခဲ့သည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here