မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ရရှိထား

0
196

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ မတ်လ ရက်အထိ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၄၂ သန်းကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

တမူးနယ်စပ်ကုန်သွယ်ရေးဂိတ်မှ အိန္ဒိယနိုင်ငံဘက်သို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၃၅ သန်းကျော်ရရှိထားပြီး သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၇ သန်းကျော်ရရှိထားကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်တွင် ရိဒ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ ကုန်သွယ်မှုမပြုလုပ်ထားကြောင်းစာရင်းများအရ သိရသည်။

၂၀၂၀ မတ်လမှ စတင်ကာ ကိုဗစ်ကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထားခဲ့ပြီး ပြန်ဖွင့်​သောဂိတ်အချို့မှ ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်နေကြောင်း သိရသည်။

အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ မြေပဲဆံ၊ ကြက်သွန်နီ၊ နန့်ဖာလုံကုန်စုံနှင့် စီးကရက်(အမျိုးမျိုး)တို့ဖြစ်ပီး သွင်းကုန်များအနေဖြင့် ဓါတ်မြေဩဇာနှင့် ဆံပင်တို့ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here