ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဧပြီလ ၁ ရက်မှစတင်၍ အာဏာသက်ဝင်ပြီ

0
194

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှစတင်၍ အာဏာသက်ဝင်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် အသိပေးထုတ်ပြန်ထားသည်။

ယင်းအပြင် အာဏာသက်ဝင်ပြီးပါက အမှတ်တံဆိပ်လျှောက်လွှာလက်ခံမှုများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ပြီး နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် လျှောက်လွှာလက်ခံရေးဌာနများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဥပဒေအသက်ဝင်ပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးများ ပိုမိုအခွင့်အရေး ရရှိမည်ဖြစ်ပြီး အမှတ်တံဆိပ် မူပိုင်ခွင့် အခွင့်အရေးများကို ဥပဒေနှင့်အညီ ခံစားရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ထွက်ကုန်များကို အရည်အသွေးမြင့်ပေးနိုင်မည့်အပြင် နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေသက်ဝင်စေရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၊ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(WIPO)အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်က အတည်ပြုပြဌာန်းထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here