တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကို စနစ်တကျစိစစ်ရွေးချယ်ဝင်ခွင့်ပြုသည့် စနစ်သစ်ကို ၂၀၂၂ ခုနှစ် ပညာသင်နှစ်မှစတင်ကျင့်သုံးလျက်ရှိ

0
135

မတ် ၁၁ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာ န(MICC-I)၌ကျင်းပသည့် မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)ဖွင့်ပွဲ အခမ်းအနားတွင် နစက ဥက္ကဌငထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အရည်အချင်းပြည့်ဝသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရန် ဆေးနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ် ၁၆ ခု၊သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ၅၃ ကျောင်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်ဟုသိရသည်။

“သင်ရိုးညွှန်းတမ်းတွေကို လိုအပ်ချက်နဲ့အညီ ပြုပြင်ပြောင်းလဲပြီးသင်ကြားပေးနေပါတယ်။ အခုဆေးပညာသင်ရိုးညွှန်းတမ်းကို နိုင်ငံတကာအဆင့်မီဖို့ မျှော်မှန်းရလဒ်အခြေခံတဲ့ စုစည်းချိတ်ဆက်သင်ကြားခြင်းစနစ်ကို ပြောင်းလဲသင်ကြားနေပါတယ်။ ကျန်းမာရေးပညာရှင်များကြား ယှဉ်တွဲလေ့လာသင်ယူမှု (Inter-Professional Education)နှင့်လက်တွေ့ ပူးပေါင်းဆောင်ရွက်တတ်စေရေးတို့ကိုလည်း ထည့်သွင်းသင်ကြားပေးလျက်ရှိပါတယ် “ဟု နစက ဥက္ကဋ္ဌကပြောသည်။

ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၌တက်ရောက်ရန် ဝင်ခွင့်ရွေးချယ်ရာတွင် ဆေးပညာရပ်အား အမှန်တကယ်စိတ်ဝင်စားသူများ၊ဆေးပညာကျင့်ဝတ်လိုက်နာစောင့်ထိန်းမည့်သူများ၊ကျန်းမာရေးနယ်ပယ်တွင် တာဝန်ထမ်းဆောင်လိုသူများ၊မေတ္တာစေတနာနှင့် ကျန်းမာရေးစောင့်ရှောက်ပေးလိုသူများကိုသာ ရွေးချယ်ပြုစုပျိုးထောင်နိုင်ရန် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကို စနစ်တကျ စိစစ်ရွေး ချယ်ဝင်ခွင့်ပြုသည့် စနစ်သစ်အား ၂၀၂၂ ခုနှစ် ပညာသင်နှစ်မှစတင်ကာ ကျင့်သုံးလျက်ရှိသည်ဟု ဆိုသည်။

ကျန်းမာရေးဝန်ကြီး ဌာန၊ကာကွယ်ရေးဝန်ကြီးဌာန၊တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၊နှီးနွယ်ဆက်စပ်နေသည့်ဌာနဆိုင်ရာများ၊နိုင်ငံတော်နှင့်ပြည်သူလူထု၏ အကျိုးစီးပွားကိုလိုလားသည့် စေတနာရှင်ပရဟိတ လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းကူညီ ပံ့ပိုးမှုများ၊ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်မှုစွမ်းအားများနှင့် ဦးတည်ချက်ကို အောင်မြင်မှုရရှိလာသည်အထိ တစ်ဆင့်ပြီးတစ်ဆင့် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here