မြန်မာကျွမ်းကျင်ဂဟေလုပ်သား ၁၇ ဦး ကိုရီးယားနိုင်ငံရောက်ရှိ

0
234

မြန်မာကျွမ်းကျင်ဂဟေလုပ်သား ၁၇ ဦးသည် E-7-3 ဗီဇာဖြင့် မတ် ၁၂ ရက်(ယနေ့)တွင် ကိုရီးယားနိုင်ငံသို့ရောက်ရှိခဲ့သည်ဟု ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဆိုးလ်မြို့မှ သိရသည်။

မြန်မာကျွမ်းကျင်ဂဟေလုပ်သားများသည် ကိုရီးယားနိုင်ငံရှိ Samsung Heavy Industries တွင်ဝင်ရောက်လုပ်ကိုင်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး မြန်မာသံရုံး၊ဆိုးလ်မြို့၏ အလုပ်သမားသံအရာရှိမှကြိုဆို၍ လိုအပ်သည်များကို ကူညီပေးခဲ့သည်။

ကိုရီးယားနိုင်ငံရှိ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများတွင် မြန်မာအလုပ်သမားများအား ကျွမ်း ကျင်ဂဟေလုပ်သားများအဖြစ် E-7-3 ဗီဇာဖြင့် စေလွှတ်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here