ရုရှားသမ္မတ အိန္ဒိယ G – 20 ထိပ်သီးအစည်းအဝေးသို့တက်ရောက်ဖွယ်ရှိဟုဆို

0
201

ရုရှားသမ္မတဗလာဒီမာပူတင်သည် လာမည့်စက်တင်ဘာလ၌ အိန္ဒိယတွင်ကျင်းပမည့် G – 20 ထိပ်သီးအစည်းအဝေးသို့တက်ရောက်နိုင်ဖွယ်ရှိကြောင်း သက်ဆိုင်ရာအရာရှိများထံမှသိရသည်။

ပြီးခဲ့သည့်ထိပ်သီးအစည်းအဝေးနှစ်ခုအား သမ္မတပူတင်မတက်နိုင်ခဲ့သဖြင့် ယခုတစ်ကြိမ်၌ တက်ရောက်နိုင်ရန်လည်း ခရင်မလင် က အပြင်းအထန်ကြိုးစားနေကြောင်းသိရသည်။

အိန္ဒိယဘက်မှသမ္မတပူတင်အား တရားဝင်ဖိတ်ကြားထားပြီး ခရင်မလင်ဘက်မှလက်ခံထားသော်လည်း တက်ရောက်မည်၊မတက်ရောက်မည်ကို သက်ဆိုင်ရာအရာရှိများအနေဖြင့် အတည်မပြုနိုင်သေးကြောင်းလည်းသိရှိရသည်။

ပြီးခဲ့သည့်နှစ်ကလည်း အင်ဒို၌ကျင်းပသည့် ထိပ်သီးအစည်းအဝေးသို့ သမ္မတပူတင်မတက်နိုင်ခဲ့ပဲ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးလားရော့ဗ်ကိုသာစေလွှတ်ခဲ့ကာ ၎င်းမတိုင်မီတစ်နှစ်ကလည်း ယူကရိန်းစစ်အတွက်ပြင်ဆင်နေသဖြင့် ရောမ ထိပ်သီးအစည်းအဝေးကို တက်ရောက်နိုင်ခဲ့ခြင်းမရှိပေ။

အဆိုပါထိပ်သီးအစည်းအဝေးပြင်ပ၌ မစ္စတာဆာဂေးလားရော့ဗ်နှင့် ကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီဘလင်ကန်တို့တွေ့ဆုံခဲ့ကြပြီး ကန်နိုင်ငံခြားရေးဝန်ကြီးက မစ္စတာဆာဂေးလားရော့ဗ်အား အမေရိကန်အနေဖြင့် ယူကရိန်းအတွက်ဆက်လက်ရပ်တည်ပေးနေဦးမည်ဟုဆိုခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here