ပျော်ဘွယ်မြို့နယ်၊ရေငံကျေးရွာ၌ ယနေ့နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့

0
253

မန္တလေးတိုင်း၊ပျော်ဘွယ်မြို့နယ်၊ယာကြီးကျေးရွာအုပ်စု၊ရေငံကျေးရွာတွင် မတ် ၁၂ ရက်(ယနေ့)နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၄ နာရီ ၅၃ မိနစ်ခန့်က ပျော်ဘွယ်မြို့နယ်၊ယာကြီးကျေးရွာအုပ်စု၊ရေငံကျေးရွာတွင် မီးလာင်မှုဖြစ်ပွား၍ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်း၊ပြည်သာယာနယ်မြေမီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ရေသယ်ယာဉ်(၃)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက်၅ နာရီ ၅ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here