ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူအသင်းရည်ညွှန်းစျေး ၂၂ သိန်းကျော်လာသည့်​ရွှေ အ​ရောင်းဝယ်​အေးဆဲ

0
180

ယနေ့တွင် ကမ္ဘာ့ရွှေဈေးမြင့်တက်လာပြီး အသင်း၏ရည်ညွှန်းစျေးနှုန်းမှာလည်း အကယ်ဒမီမီလင်းရွှေတစ်ကျပ်သားလျှင် ၂၂ သိန်းအထက်တွင်ရှိလာကြောင်း သိရသည်။

” အဓိကတော့ကမ္ဘာ့ရွှေဈေးတတ်လို့ တတ်လာတာပေါ့။ အမေရိကန်က Signature Bank ကဒေဝါလီခံလိုက်တော့ ပြည်တွင်းမှာလည်း စျေးအပြောင်းအလဲဖြစ်လာတာပေါ့။ စျေးအပြောင်းအလဲရှိပေမယ့် အရောင်းအဝယ်ကတော့အေးပါတယ်။ စျေးမြင့်တက်တာတစ်ခုပဲရှိတယ်”ဟုရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။

အမေရိကန်ရှိ Signature Bank ပိတ်သိမ်းသွားမှုကြောင့်ကမ္ဘာ့ရွှေဈေးမှာလည်းမြင့်တက်လာပြီး ယနေ့မတ်လ(၁၃) ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၈၃ ကျပ်ဖြစ်ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းစျေးနှုန်းမှာလည်း ၂၂၁၈၄၀၀ ရှိကြောင်း သိရသည်။

ယင်းအပြင် ပြင်ရွှေစျေးကွက်နှင့်ငွေကြေးစျေးကွက်အတွင်း၌လည်း ရွှေစျေးနှုန်းမြင့်တက်နေပြီး ငွေလဲနှုန်းမှာလည်း အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။

​စျေးကွက်တွင်းမှ သုံးသပ်သူအချို့က​တော့ US ဘဏ်များပြိုလဲမူ​နောက်ဆက်တွဲ အ​နေဖြင့်မြန်မာတွင် ​ဒေါ်လာ​စျေး ကျနိုင်​ကြောင်းယူဆသူများလည်းရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here