စင်္ကာပူနိုင်ငံတွင်ကျင်းပနေသည့် ASEAN Freestyle Championships ပြိုင်ပွဲတွင် မြန်မာလူငယ် ၂ ဦိး ငွေတံဆိပ်ဆုရရှိ

0
138

စင်္ကာပူနိုင်ငံတွင်ကျင်းပနေသည့် ASEAN Freestyle Championships ပြိုင်ပွဲတွင် မြန်မာလူငယ် ၂ ဦိး ငွေတံဆိပ်ဆုရရှိခဲ့ကြောင်း သိရသည်။

စင်္ကာပူနိုင်တွင်ကျင်းပသော Youth U17 Men and Junior U15 Women ပြိုင်ပွဲ Event ၂ ခုလုံးတွင် မြန်မာကစားသမား ၂ ယောက်ဖြစ်သော မောင်ဇွဲပြည့်ထွန်း နှင့် မပြည့်ပြည့်ဖြိုး(ခ) မမွှေးမွှေး တို့သည် မြန်မာနိုင်ငံအတွက် ဒုတိယ ငွေတံဆိပ် ၂ ခု အားဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

စင်္ကာပူနိုင်ငံတွင် မတ်လ ၈ ရက်မှ ၁၅ ရက်ထိကျင်းပနေသည့် ၇ ကြိမ်မြောက် ASEAN Freestyle Championships ပြိုင်ပွဲတွင် အသက် ၁၇ နှစ်အောက်နှင့် ၁၅ နှစ်အောက်ကစားသမားများ ဖြစ်သော မောင်ဇွဲပြည့်ထွန်း ၊ မောင်ထူးလင်းမြတ် နှင့် မပြည့်ပြည့်ဖြိုးတို့က ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

အဆိုပါပြိုင်ပွဲတွင် အာဆီယံ နိုင်ငံများအပြင် အိန္ဒိယ၊ တရုတ်တိုင်ပေ၊ ကိုးရီးယား နှင့် ဂျပန်တို့ပါဝင်သော Asian Categories ကိုလည်း ထည့်သွင်းထားသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here