လားရှိုးမြို့ရှိ နားမခေါ်ကားကြီးကွင်းရှေ့တွင် ခရီးသည်တင်ကားဘရိတ်ပေါက်၍ သစ်ပင်ဝင်တိုက်

0
377

ရှမ်းပြည်နယ်၊လားရှိုးမြို့ရှိ နားမခေါ်ကားကြီးကွင်းရှေ့တွင် ခရီးသည်တင်ကားဘရိတ်ပေါက်၍ သစ်ပင်ဝင်တိုက်မိခဲ့မှု မတ် ၁၃ ရက်(ယနေ့)နံနက်ကဖြစ်ပွားခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယနေ့နံနက် ၉ နာရီခန့်က လားရှိုးမြို့ လားရှိုး -သီပေါသွားပြည်ထောင်စုလမ်းမကြီး၏ နားမခေါ်ကားကြီးကွင်းရှေ့တွင် ခရီးသည်တင်ကားမှဘရိတ်ပေါက်ကာ လမ်းဘေးရှိသစ်ပင်အားဝင်တိုက်မိခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူရှိနေကြောင်း သတင်းအရ လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ ကူညီကယ်ဆယ်ရန်သွားရောက်ခဲ့ပြီး ခိခိုက်ဒဏ်ရာရရှိထားသည့် ကားမောင်းသူအား မြေပြင်ကုသပေးပြီးနောက် လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ကားမောင်းတဲ့လူတစ်ယောက်ပဲဒဏ်ရာရတာပါ ပွန်းပဲ့ဒဏ်ရာလောက်ပါပဲ ဒူးရယ် လက်ဖျံရိုးရယ်မှာ ပေါက်ပြဲသွားတာလောက်ပဲရှိပါတယ် “ဟု လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့၏တာဝန်ရှိသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here