ဒလတံတားစီမံ ကိန်း၏ သံမဏိယက်မများတပ်ဆင်ချိန်တွင် ကမ်းနားလမ်းသစ်အား ယာယီပိတ်မည်

0
300

မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်း၏ သံမဏိယက်မများတပ်ဆင်ချိန်တွင် ကမ်းနားလမ်းသစ်အား ယာယီပိတ်ထားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊တံတားဦးစီးဌာန၏ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေးထုတ်ပြန်ထားသည်။ထိုရက်များသည်ပိတ်ရက်များဖြစ်​သော်လည်းကားလမ်း​ကြောင်းသတိပြု​ရွေးချယ်ကြဖို့​တော့လိုမည်။

တံတားစီမံကိန်း၏ ဆင်ခြေလျှောတံတားများဖြစ်သည့် Ramp A နှင့် Ramp B တံတားများတွင် ကမ်းနားလမ်းသစ်ကို ဖြတ်သန်းတပ်ဆင်ရမည့် သံမဏိယက်မများတပ်ဆင်ချိန်၌ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအတွက် ကမ်းနားလမ်းသစ်၏ ပန်းဆိုးတန်းလမ်းနှင့်အလုံမြို့နယ်၊စံပယ်လမ်းထိပ်ကြားအပိုင်းအား ဖြတ်သန်းသွားလာခွင့်ယာ ယီပိတ်ထားမည်ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်မည့် မတ် ၁၈ ရက်၊ ၁၉ ရက်၊ မတ် ၂၃ ရက်၊ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဖြစ်သန်းသွားလာခွင့်ယာယီပိတ်ထားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ယာယီလမ်းပိတ်၍ လုပ်ငန်းဆောင် ရွက်မည့်နေ့များ၌ ဆိပ်ကမ်းတံတားများသို့ ဝင်ရောက်မည့် ကုန်သေတ္တာကားများ၊ကုန်တင်ကားများအနေဖြင့် ကမ်းနားလမ်းကိုအသုံးပြု၍ ဝင်/ထွက်သွားလာကြရန် အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here