ဘားအံမြို့ရှိ ကားကြီးဝန်းအတွင်း၌ လက်နက်ခဲယမ်းအမြောက်အမြားသိမ်းဆည်းရမိ

0
214

ကရင်ပြည်နယ်၊ဘားအံမြို့ရှိ ကားကြီးဝန်းအ တွင်း၌ လက်နက်ခဲယမ်းအမြောက်အမြားအား မတ် ၁၂ ရက်ညနေပိုင်းက သိမ်းဆည်းရမိခဲ့သည်။

ယမန်နေ့ညနေ ၄ နာရီခွဲခန့်က လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဘားအံမြို့ရှိ ကားကြီးကွင်းအတွင်းစစ်ဆေးမှုများပြုလုပ်ရာမှ ကားတစ်စီးပေါ်မှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်စက်လက် ၁ လက်၊ M-22 ၁ လက်၊ AK-47 ၃ လက်၊ M-16 ၂ လက်၊ M-16 A-1 ၂ လက်၊ AR- 15 ၁ လက်၊ Ekol Uzi ၄ လက်၊ Sigsauer ပစ္စတို ၁ လက်၊ Colt ပစ္စတို ၁ လက်၊ Tafical Pro-2 ၁ လက် ၊ AK-SA 1911 ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ၅ ဒသမ ၅၆ ကျည် ၅၀၀၀ တောင့်၊ AK-47 ကျည် ၅၀၀ တောင့်၊ ၉ မမ ဘလိုင်းကျည် ၁၃၀ တောင့်၊ ၇ ဒသမ ၆၂ ကျည် ၉၀ တောင့်၊ ပွိင့် ၃၈၀ ကျည် ၆၀၀ တောင့်၊ ၉ မမ ကျည် ၄၀၀ တောင့်၊ တရုတ်လက်ပစ်ဗုံး ၃ လုံး၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ စက် လက်ဘောက်ဝိုင်း ၂ ခု၊ ၅ ဒသမ ၅၆ ကော်ကျည်အိမ် ၆ ခု၊ ၅ ဒသမ ၅၆ သံကျည်အိမ်အရှည် ၁၇ ခု၊ ၅ ဒသမ ၅၆ သံကျည်အိမ်အတို ၄ ခု၊ AK-47 ကျည်အိမ် ၆ ခု၊ Scope(တစ်ပေ) ၁ ခု၊ Scope (တစ်ပေ ၆ လက်မ) ၁ ခု၊ Scope(၈ လက်မ) ၁ ခု၊ Ekol ကျည်အိမ်အရှည် ၄ ခု တို့အားသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများအား လုံခြုံရေးအဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းစဥ်များအတိုင်းဆက် လက်ဆောင်ရွက်လျက်ရှိပြီး လက်နက်ခဲယမ်းများကို သယ်ဆောင်လာသူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here