ဖုန်းဆင်းကတ်များ အချက်အလက်မမှန်ပါက ရက်​ပေါင်း ၁၂၀အတွင်း ပြန်လည်မှတ်ပုံတင်ရမည်

0
304

ဖုန်းဆင်းကတ်မှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့်အမည်/နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့် အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်အင်အားဝန်ကြီးဌာန၏ National Database တွင်ရှိသောအချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးလျက်ရှိ​နေသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့်မှတ်ပုံတင်ထားသည့် ဆင်းကတ်များ အချက်အလက်မမှန်ပါက ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြေငြာထားသည်။

တိုက်ဆိုင်စစ်ဆေးပြီး အချက်မလက်မမှန်သော ဆင်းကတ်သုံးစွဲသူများကို ရက်ပေါင်း (၃၀) အတွင်းမှန်ကန်စွာ ပြန်လည်မှတ်ပုံတင်ရန် sms ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ အသိပေးစာတိုများရရှိပြီး ရက်ပေါင်း (၃၀) အတွင်းမှတ်ပုံမတင်ပါက အထွက်ခေါ်ဆိုခြင်း၊ အထွက်စာတိုပေးပို့ခြင်း၊ဒေတာအသုံးပြုမှုရပ်ဆိုင်းခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ပြီး ထိုသို့ One Way Block ဆောင်ရွက်ထားသည့် အချိန်မှစ၍ ရက်ပေါင်း (၉၀) အတွင်းပြန်လည်မှတ်ပုံတင်ရမည်ဖြပြီး ပြန်လည်ပြင်ဆင်မှတ်ပုံမတင်ပါက အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ဆင်းကတ်များကို သက်ဆိုင်သည့်အရောင်းဆိုင်များတွင် ပြန်လည်မှတ်ပုံတင်ရန် ထပ်မံအသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here