တရုတ်က စိုးရိမ်နေသော်လည်း ဖိလစ်ပိုင်နှင့်အမေရိကတို့ ပူးတွဲစစ်ရေးလေ့ကျင့်

0
253

ဖို့တ်မက်ဂ်ဆေးဆေး၊မတ် ၁၄

ဖိလစ်ပိုင်နှင့်အမေရိကတို့သည် မတ်လ ၁၃ ရက်နေ့တွင် ပြင်ပခြိမ်းခြောက်မှုများမှကာကွယ်ရန်နှင့် အရှေ့တောင်အာရှနိုင်ငံများ၏ စွမ်းရည်ကိုမြှင့်တင်ရန် အဓိကထားဆောင်ရွက်သည့် စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့ကြသည်ဟုသိရသည်။

ဖိလစ်ပိုင်သည်အင်အားကြီးနှစ်နိုင်ငံ၏ ပထဝီနိုင်ငံရေးအားပြိုင်ရာ၌ အဓိကအရာတစ်ခုအဖြစ်သတ်မှတ်ခြင်းခံထားရသည့်နိုင်ငံလည်းဖြစ်သည်။

ယခုစစ်ဆင်ရေး၌ ဖိလစ်ပိုင်နှင့်အမေရိကန် စစ်သား ၃,၀၀၀ ကျော်တို့ Salaknib ဟုခေါ်သော သုံးပတ်ကြာ နှစ်ပတ်လည်လေ့ကျင့်မှု၌ ပါဝင်မည်ဖြစ်ပြီး၊လက်နက်ငယ် ပစ်ခတ်မှုလေ့ကျင့်ခန်းများ၊ အမြောက်ပစ်ခတ်မှုများနှင့် ဆောက်လုပ်ရေးပရောဂျက်များ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ယခုလေ့ကျင့်မှုသည် တပ်မတော်နှစ်ခု၏စစ်ရေးလေ့ကျင့်မှုဖြစ်သဖြင့် လေကြောင်းရန်ကာကွယ်ရေးနှင့် ကမ်းရိုးတန်းကာကွယ်ရေးများကို အာရုံစိုက်သွားမည်ဖြစ်‌ကြောင်းလည်းပြောကြားခဲ့သည်။

ယခုလေ့ကျင့်မှုအား ဖိလစ်ပိုင်၏အကြီးဆုံးစစ်စခန်းတစ်ခုဖြစ်သည့် ဖို့တ်မက်ဂ်ဆေးဆေး စစ်အခြေစိုက်စခန်း၌ ပြုလုပ်မည်ဖြစ်ကာ အဆိုပါစခန်းသည် မနီလာနှင့်အ‌မေရိက၏ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး သဘောတူညီချက်၌ အမေရိက က ဝင်ရောက်နိုင်သော လက်ရှိနေရာငါးခုအနက်မှတစ်ခုဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here