Taxi တစ်စီးက အမျိုးသားတစ်ဦး၏ရုပ်အလောင်းအား အနောက်မြင်းပြိုင်ကွင်းလမ်းပေါ်၌ ပစ်ချသွား

0
496

Taxi တစ်စီးမှ အမျိုးသားတစ်ဦး၏ရုပ်အလောင်းအား ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊တာမွေကြီး(ခ) ရပ်ကွက်ရှိ အနောက်မြင်းပြိုင်ကွင်းလမ်းပေါ်၌ ပစ်ချသွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်သည် မတ် ၁၂ ရက်ည ၁၁ နာရီခန့်က ဖြစ် ပွားခဲ့ခြင်းဖြစ်ကာ Taxi ကားတစ်စီးမှ အသက် (၃၀)နှစ်ခန့်ရှိ အမည်မသိအမျိုးသားတစ်ဦး၏ရုပ်အလောင်းအား ကားပေါ်မှပစ်ချပြီးနောက်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ (MMRO)မှ သိရသည်။

ဖြစ်စဥ်အား နောက်မှမောင်းနှင်လိုက်ပါလာသည့် ကားတစ်စီးမှမြင်တွေ့ခဲ့ရသဖြင့် မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ (MMRO)ထံ ဆက်သွယ်အ ကြောင်းကြားခဲ့ကြောင်း သိရသည်။

သေဆုံးနေသည့် အမျိုးသားသည် နားသွေးထွက်၊ မျက်ခုံးနှင့်ခန္ဓာကိုယ်အနှံ့တွင် ပွန်းပဲ့ဒဏ်ရာများရ ရှိထားကြောင်း သိရသည်။

ထို့ကြောင့် မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ (MMRO)မှ ရုပ်အလောင်းအား တာဝန်ရှိသူများ ၏စစ်ဆေးမှုပြီးနောက် သင်္ဃန်းကျွန်းစံပြဆေးရုံရေခဲတိုက်သို့ပို့ဆောင်ပေးခဲ့ကြပြီး တာဝန်ရှိသူများမှ PR-71 ဖြင့်လက်ခံခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here