မန္တလေးမြို့၌ သင်္ကြန်မဏ္ဍပ်များဆောက်လုပ်ပါက အခွန်အခများပေးဆောင်ရန်မလိုအပ်

0
202

ဧပြီလတွင်ကျရောက်မည့် မြန်မာ့ရိုးရာသင်္ကြန်၌ မန္တလေးမြို့တွင်ဆောက်လုပ်မည့် ပုဂ္ဂလိကသ င်္ကြန်ရေကစားမဏ္ဍပ်များအတွက် မန္တလေးမြို့ တော်စည်ပင်ထံ အခွန်အခများပေးဆောင်ရန်မလိုအပ်ကြောင်း သိရသည်။

ယခင်နှစ်များက ပုဂ္ဂလိကသင်္ကြန်ရေကစားမဏ္ဍပ်များဆောက်လုပ်လိုပါက မန္တလေးမြို့တော်စည် ပင်ထံ အခွန်အခများပေးဆောင်ပြီးမှသာ ဆောက်လုပ်ခွင့်ရခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၏ အထင်ကရဖြစ်သည့် မန္တလေးကျုံးမြို့ရိုး ကျုံးတောင်ဘက်ခြမ်းနှင့် ၂၆ လမ်းမပေါ်၊ ၆၆လမ်းမပေါတို့တွင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်လိုပါက မန္တလေးမြို့တော်စည်ပင်ထံ နေရာလာရောက်ရွေးချယ်နိုင်ကာ အခွန်အခပေးဆောင်ရန်မလိုအပ်ဘဲ ဦးရာလူစနစ်ဖြင့်ဆောက်လုပ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျုံးအနောက်ဘက်လမ်း ၈၀ ပေါ်နှင့် ၁၂ လမ်းတို့တွင်လည်း ရေစုပ်စက်များဖြင့်ရေပတ်ကစားနိုင်သည့်နေရာများအား မန္တလေးမြို့တော်စည်ပင်ထံလျှောက်ထားနိုင်ကြောင်း သိရသည်။

မန္တ‌လေးသင်္ကြန်ပွဲတော်အား နာမည်ကျော်တေး သံရှင်များ၊ DJ များ၊ ရုပ်ရှင်သရုပ်ဆောင်များက သီဆိုဖျော်ဖြေသွားမည်ဖြစ်ပြီး မန္တလေးတိုင်းအ စိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် လမ်းလျောက်သင်္ကြန်အား ကျုံးအရှေ့ဘက်ခြမ်းတွင် ကျင်းပသွားမည်ဖြစ်ကာ လမ်းတစ်လျောက်၌ စတုဒီသာမဏ္ဍပ်များရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ မန္တလေးမြို့တော်ဝန်ဗဟိုမဏ္ဍပ်အား တာဝန်ရှိသူများက စတင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

ပုံစာ – ၂၀၂၂ ခုနှစ် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်


LEAVE A REPLY

Please enter your comment!
Please enter your name here