ယူကရိန်းဂျုံတင်ပို့မှုသဘောတူညီချက် ရုရှားဘက်မှ ရက် ၆၀ သက်တမ်းထပ်တိုးခွင့်ပြု

0
126

ဂျီနီဗာ၊မတ် ၁၃

ရုရှားဘက်မှ ယူကရိန်းဂျုံတင်ပို့မှုသဘောတူညီချက်အား ရက် ၆၀ အထိသက်တမ်းတိုးခွင့်ပြုလိုက်ပြီး မူလသတ်မှတ်ထားသည့် ရက် ၁၂၀ အောက်‌နည်းနေသဖြင့် ကိဗ်ကဝေဖန်ခဲ့သည်။

ဂျီနီဗာ၌ကုလသမဂ္ဂနှင့်ဆွေးနွေးမှုအပြီးတွင် ရုရှားဘက်မှ အားလုံးစိုးရိမ်နေသည့်အတိုင်း ပင်လယ်နက်မှတစ်ဆင့်ဂျုံတင်ပို့မှုအား ရပ်တန့်လိုက်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။

သို့သော်၎င်းအနေဖြင့် မူလသဘောတူညီချက် ရက် ၁၂၀ ကာလအောက်လျှော့ကာ ရက် ၆၀ အထိသာသက်တမ်းတိုးခွင့်ပြုထားသည်။

ယူကရိန်းသည် ကမ္ဘာ့ထိပ်တန်း ဂျုံထုတ်လုပ်သူများထဲမှတစ်နိုင်ငံဖြစ်ပြီး ယခုသဘောတူညီချက်သည် ပဋိပက္ခကြောင့်ဖြစ်ပွားခဲ့သော ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို သက်သာစေရန်လည်းကူညီပေးခဲ့သည်။

သဘောတူညီချက်အရ ယခုအချိန်အထိ တန်ချိန် ၂၄ ဒသမ ၁ သန်းကျော် တင်ပို့နိုင်ခဲ့သည်ဟု ကုလသမဂ္ဂကဆိုသည်။

Source:AFP


LEAVE A REPLY

Please enter your comment!
Please enter your name here