ရွာသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး ကျေးရွာအနောက်ဖက်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့

0
143

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊မီးပေါက်ကျေးရွာနေ ဦးဇော်မင်း(၅၂)နှစ်အား လက်နက်ကိုင်အဖွဲ့ဝင်များက မတ် ၁၄ ရက်နံနက်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့နံနက် ၁၁ နာရီခွဲက လက်နက်ကိုင်အဖွဲ့ဝင် ၆ ဦးသည် မြင်းခြံမြို့နယ်၊မီးပေါက်ကျေးရွာသို့ ရောက်ရှိလာကာ နေအိမ်၌ရှိနေသည့် ဦးဇော်မင်းအား ဖမ်းဆီး​ခေါ်ဆောင်သွားခဲ့ပြီးနောက် ကျေးရွာအနောက်ဖက်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ကြကြောင်း သိရသည်။

ဦးဇော်မင်းသည် ဘယ်နံကျည်ဖောက်ဝင်၊ဘယ်ရင်အုံကျည်ဖောက်ဝင်၊ဝမ်းဗိုက်ကျည်ဖောက်ဝင်၊ဘယ်ပေါင်ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သေဆုံးသူက တောင်သူတစ်ဦးပါ ပစ်သတ်ခံရတဲ့အကြောင်းရင်းနဲ့သူ့ကိုပစ်သတ်သွားတဲ့လူတွေကိုဖမ်းဆီးရမိဖို့အတွက် ဆောင်ရွက်နေပါတယ်။ သူတို့က ဆိုင်ကယ် ၃ စီးနဲ့ရောက်လာကြတာလို့သိထားပါတယ်။ နောက်ပြီး ကျည်ခွံတစ်ချို့ကိုလည်း တွေ့ရှိထားတာကြောင့် ပစ္စတိုသေနတ်နဲ့ပစ်ခံရတာလို့ ကနဦး စစ်ဆေးသိရှိထားပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here