လိုက်ဇစ်ကို ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ စံချိန်ကောင်းတွေ ရရှိခဲ့တဲ့ မန်စီးတီးနဲ့ တိုက်စစ်မှုး ဟာလန်း

0
237

အင်္ဂလန်ကလပ် မန်ချက်စတာစီးတီး အသင်းဟာ ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းကို အိမ်ကွင်းမှာ ၇ ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီရလဒ်ဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရဲ့ သမိုင်းဝင် ဂိုးပြတ်နိုင်ပွဲတွေထဲ တစ်ပွဲအပါအ၀င်ဖြစ်ခဲ့ပြီး မန်စီးတီးအသင်းဟာ နှစ်ကျော့ပေါင်းရလဒ် ၈ ဂိုး ၁ ဂိုး ရလဒ်နဲ့ ကွာတားဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဂိုးအပြတ်ဆုံး စံချိန်ကိုတော့ လီဗာပူးလ်အသင်းက ၂၀၀၈ ခုနှစ်မှာ တူရကီကလပ် ဘက်ဆစ်ဆပ် ကို ၈ ဂိုး ဂိုးမရှိ နဲ့ အနိုင်ယူပြီး ရရှိထားပါတယ်။

မန်စီးတီးအသင်းဟာ ၁၆ သင်းရှုံးထွက် အဆင့် ဒုတိယအကျော့အဖြစ် အိမ်ကွင်းမှာ လိုက်ဇစ်ကို ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီး တိုက်စစ်မှူး ဟာလန်း တစ်ယောက်တည်းက ၅ ဂိုး အထိသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဟာလန်းဟာ လူစားလဲခံခဲ့ရတဲ့အတွက် မပျော်မရွှင်ဖြစ်ခဲ့ရပါတယ်။ သူဟာ နောက်ထပ်တစ်ဂိုး သွင်းယူနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်သမိုင်းတစ်လျောက် တစ်ပွဲထဲ ဂိုးသွင်းအများဆုံးသူအဖြစ် မှတ်တမ်း၀င်မှာလည်းဖြစ်ပါတယ်။

မက်ဆီ ဘာစီလိုနာမှာ ကစားခဲ့စဉ်က လေဗာကူဆင်အသင်းကို ၅ ဂိုးသွင်းခဲ့ပြီး ချန်ပီယံလိဂ်သမိုင်းမှာတစ်ပွဲတည်းဂိုးအများဆုံးသွင်းသူ အဖြစ်မှတ်တမ်း၀င်ခဲ့ပြီး အခုဆို ဟာလန်းက မက်ဆီရဲ့ စံချိန်ကို လိုက်မှီခဲ့ပါပြီ။


LEAVE A REPLY

Please enter your comment!
Please enter your name here