မာလာဝီနိုင်ငံတွင် ဆိုက်ကလုန်းမုန်တိုင်းကြောင့် လူ ၁၉၀ ထက်မနည်း သေဆုံး

0
106

အာဖရိက အရှေ့တောင်ပိုင်းရှိ မာလာဝီနိုင်ငံကို ဖရက်ဒီ အမည်ရ အပူပိုင်းဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၁၉၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန (DoDMA) က မတ်လ ၁၄ ရက် အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

လူ ၅၈၄ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး လူ ၃၇ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

မာလာဝီတောင်ပိုင်းတွင် မုန်တိုင်းဒဏ်ကို အဓိက ခံစားနေရပြီး အခြေအနေမှာ ပိုမိုဆိုးရွားလာလှက်ရှိသည်။ တောင်ပိုင်းရှိ နေရာအချို့တွင် ရေကြီးနေပြီး လမ်းများနှင့် တံတားများလည်း ပျက်စီးနေကာ လျှပ်စစ်မီးလည်း ပြတ်တောက်နေသည်။

မုန်တိုင်းမှာ အားပျော့လာပြီဖြစ်သော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ရှာဖွေကယ်ဆယ်ရာတွင် အခက်တွေ့နေရသည်။

Source: စီအင်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here