သံမဏိလိုအပ်ချက်မှာတစ်နှစ်လျှင် တန်ချိန် (၅.၄) သန်းခန့် တိုးတက်လာဖွယ်ရှိ၊ပြည်တွင်း၌ သံနှင့်သံမဏိထုတ်လုပ်နိုင်ဖို့လို

0
202

ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်း၌ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပကဝယ်ယူတင်သွင်းနေရသည့် နိုင်ငံခြားငွေကို လျှော့ချနိုင်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးချာလီသန်းက ပြောသည်။

ယနေ့(မတ်လ ၁၅ရက်)တွင် ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် “The South East Asia Iron and Steel Institue(SEAISI) 2023 Travelling Seminar” တွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့နိုင်ငံမှာ သံနဲ့သံမဏိထုတ်လုပ်မှု သယံဇာတ သံသတ္ထု ၊ ကျောက်မီးသွေးတွေ ထိုက်သင့်သလောက်ရှိပါတယ်။ ဒီသယံဇာတတွေကိုပဲ လိုက်ထွက်တဲ့ နည်းပညာကိုအသုံးချပြီး သံရိုင်းမှသံမဏိအဖြစ်သို့လည်းကောင်း၊ သံတိုသံစမှအရည်အသွေးရှိတဲ့ သံမဏိအဖြစ်သို့ လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်းမှာပဲ ထုတ်လုပ်နိုင်မယ်ဆိုရင် ပြည်ပကိုတင်ပို့ရောင်းချနေတဲ့အခြေအနေမှာ ဆက်လက်ဆောင်ရွက်နိုင်မယ်ဆိုရင် ရရှိလာမယ့်အကျိုးကျေးဇူးကတော့ ပြည်ပကဝယ်ယူတင်သွင်းနေရတဲ့ နိုင်ငံခြားငွေကို လျှော့ချနိုင်မယ့်အပြင် ပြည်ပမှနိုင်ငံခြားငွေကို ရှာဖွေနိုင်မှာဖြစ်တဲ့အပြင် နိုင်ငံတော်ရဲ့စီးပွားရေးပြုပြင်ပြောင်းလဲတဲ့နေရာမှာ များစွာအထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ သံမဏိထုတ်လုပ်မှုတိုးတက်ရေးကဏ္ဍမှာ အထူးသတိထားရမှာက စံချိန်စံညွှန်းပြည့်မီဖို့နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ပဲ ဖြစ်ပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် နှစ်စဉ် သံနှင့်သံမဏိ ဆက်စပ်ပစ္စည်းများကိုတန်ချိန် (၃) သန်းခန့် တင်သွင်းလျက်ရှိကြောင်း သိရသည်။ယင်းအနက် ၉၂ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းနေရပြီး လာမည့် ၂၀၃၀ ခုနှစ်တွင် သံမဏိလိုအပ်ချက်မှာတစ်နှစ်လျှင် တန်ချိန် (၅.၄) သန်းခန့် တိုးတက်လာဖွယ်ရှိကြောင်း မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း(MISA) ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here