တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၀၀ ကျော်စေလွှတ်ခဲ့

0
135

တောင်ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၁၅ ဦးကို မတ်လ ၁၄ ရက်တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့ ၊ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

အဆိုပါလုပ်သားများမှာကုန်ထုတ်လုပ်သားသစ် ၂၉ ဦး၊ CBT ကုန်ထုတ်လုပ်သား ၃ ဦး၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်သားသစ် ၅၅ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၂၈ ဦး စုစုပေါင်း ၁၁၅ ဦးဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦး၊ ဇန်နဝါရီလတွင် ၁၉၃ ဦး၊ဖေဖော်ဝါရီလတွင် ၂၀၀ ဦးစေလွှတ်ခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်တွင်လည်း ကိုရီးယားသမ္မတနိုင်ငံရှိ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများ၌ ကျွမ်းကျင်ဂဟေလုပ်သားများအဖြစ် Samsung Heavy Industries တွင်လုပ်ကိုင်မည့် မြန်မာဂဟေလုပ်သား ၁၇ဦး ကို E-7-3 ဗီဇာဖြင့်ကို စေလွှတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here