“ YBS ယာဉ်များတစ်စီးနှင့်တစ်စီးကျော်တက်မောင်းနှင်ခြင်းမပြုရ” သတိပေးစာပါ Sticker Campaign ပြုလုပ်ခဲ့

0
257

“ YBS ယာဉ်များတစ်စီးနှင့်တစ်စီးကျော်တက်မောင်းနှင်ခြင်းမပြုရ” သတိပေးစာပါ Sticker ၁၀၀၀ ခုကို YBS ယာဉ်များပေါ်တွင်ကပ်ပေးသည့် Sticker Campaign ကိုယနေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း YRTC မှ သိရသည်။

YRTC မှ ကြီးမှူး၍ ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးရည်ရွယ်ကာ YBS ယာဉ်များ တစ်စီးနှင့်တစ်စီး အပြိုင်အဆိုင်၊ ကျော်တက်မောင်းနှင်ခြင်းများ မရှိစေရေးအတွက် ဆူးလေမှတ်တိုင်နှင့် သခင်မြပန်းခြံတို့တွင် အဆိုပါ ကမ်ပိန်းကို ပြုလုပ်ခဲ့သည်။

YBS ယာဉ်များတစ်စီးနှင့်တစ်စီးကျော်တက်မောင်းနှင်ခြင်းကို Telematics စက်များ၊ စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးဝန်ထမ်းများဖြင့် စောင့်ကြည့်မှတ်သားထားပြီး တစ်ကြိမ်ကျော်တက်ပါက YRTC ၏ ပြစ်မှုပြစ်ဒဏ် (၁၃၈) ချက်အရ ဒဏ်ငွေ ကျပ် တစ်သောင်း ကျခံရမည်ဖြစ်ကြောင်း သိရသည်။

“YBS ကားတွေတစ်စီးနဲ့တစ်စီးကျော်တက်မောင်းနှင်လို့ ဖေဖော်ဝါရီလအတွင်းမှာ YBS ကား ၁၄ စီးကိုဖမ်းဆီးအရေးယူခဲ့ပါတယ် ကျော်တက်မောင်းနှင်တာကိုအရေးယူရတဲ့အကြောင်းရင်းက YBS ကားတွေ တစ်စီးနဲ့တစ်စီးကျော်တက်တဲ့အခါ လမ်းတွေပိတ်သွားတယ် ယာဥ်အန္တရာယ် လမ်းအန္တရာယ်လည်းများတယ် ဒါ့ကြောင့် ဖမ်းဆီးအရေးယူတာပါ တစ်ကြိမ်ကျူးလွန်တိုင်း ၁၀၀၀၀ ကျပ်ဒဏ်ငွေကျခံဖို့သတ်မှတ်ထားပါတယ်”ဟု YRTC ၏တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here