ဆိုင်ကယ်ကိုရှောင်တိမ်းရာမှ အိမ်စီးကားပက်လက်လန်တိမ်းမှောက်မှု ရွာငံမြို့နယ်တွင်ဖြစ်ပွား

0
232

ရှမ်းပြည်နယ်၊ရွာငံမြို့နယ်၊နမ့်ပန်ကျေးရွာရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မတ် ၁၅ ရက်(ယ နေ့)နံနက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီကျော်ခန့်က သံဃာတော်တစ်ပါးမောင်းနှင်လာသည့် TOYOTA Wish ကားသည် ရွာငံမြို့နယ်နမ့်ပန်ရွာကျေးရွာရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆိုင်ကယ်တစ်စီးအား တိမ်းရှောင်ရာမှအရှိန်မထိန်းနိုင်ဘဲ ပက်လက်လန်တိမ်းမှောက်သွားခဲ့သည်။

“ရှေ့ကဆိုင်ကယ်ကရုတ်တရက်ကွေ့လိုက်တာကိုရှောင်လိုက်တဲ့အချိန်ဖြစ်သွားတာ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း တိမ်းမှောက်ခဲ့သည့်ကားမှာပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here