ခရီးသည်တင်ယာဉ်ပေါ်လိုက်ပါလာပြီး ကျောပိုးအိတ်အတွင်း ထည့်ကာ သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
103

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် ခရီးသည်တင်ယာဉ်ပေါ်လိုက်ပါလာပြီး ကျောပိုးအိတ်အတွင်း ထည့်ကာ သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ မတ်လ (၁၄) ရက်က ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေး ရှာဖွေမှုများ ပြုလုပ်နေစဉ် နမ့်စန်မြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် လှကျော်မောင်၊ မင်းသိန်းထွန်း၊ မောင်လှ နှင့် ဌေးအောင် တို့၏ကျောပိုးအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ပြား(ဒေသကာလပေါက် ဈေးတန်ဖိုး ငွေကျပ်သိန်း ၆၀၀)နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် လှကျော်မောင် (၃၄)နှစ်၊ မင်းသိန်းထွန်း (၄၁) နှစ်၊ မောင်လှ (၃၂)နှစ် နှင့် ဌေးအောင်(၃၅)နှစ်တို့အား လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here