အင်ဒိုနီးရှားသည် မြန်မာနိုင်ငံမှ နိုင်ငံရေး ပါတီများ နှင့် တိတ်တဆိတ် ဆွေးနွေးနေ

0
156

အင်ဒိုနီးရှားသည် မြန်မာနိုင်ငံရှိ ပဋိပက္ခများကို ကူညီဖြေရှင်းပေးနိုင်ရေးအတွက် မြန်မာ့နိုင်ငံေရး ပါတီများ ဖြင့် တိတ်တဆိတ် ဆွေးနွေးနေလျက်ရှိကြောင်း၊ သို့ရာတွင် ထိုကိစ္စ အထမြောက်ရန်အတွက် အချိန်ယူရဦးမည်ဖြစ်ကြောင်း အင်ဒိုသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောလာခဲ့သည်။

ယခုနှစ်အတွက် အာဆီယံဥက္ကဌအဖြစ် တာဝန်ယူထားသော အင်ဒိုသည် မြန်မာနိုင်ငံရှိ အခြေအနေများမှာ ပိုမိုရှုပ်ထွေးလာနေသော်လည်း တိုးတက်စေရန်အတွက် အတတ်နိုင်ဆုံး လုပ်ဆောင်သွားမည်ဖြစ်ပြီး ပဋိပက္ခများ ဖြေရှင်းနိုင်ရန်အတွက်မူ အချိန်အနည်းငယ် ယူရဦးမည်ဟု ဝီဒိုဒိုက စထရိတ်တိုင်းမ်စ် သတင်းစာသို့ မတ်လ ၁၅ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

အင်ဒိုနီးရှားနှင့် အာဆီယံနိုင်ငံများအတွက် ဦးစားပေးရမည့် ကိစ္စမှာ မြန်မာဘက်က သဘောတူထားသော ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ပေးရန် ဖြစ်သည်ဟု သူက ပြောသည်။

“မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကြိုးစားလုပ်ဆောင်နေပါတယ်၊ ဆွေးနွေးမှု အတော်များများကိုတော့ နောက်ကွယ်ကပဲ လုပ်ဆောင်နေတာပါ၊ ဆက်လက်ဆွေးနွေးနေတဲ့ အချို့ကိစ္စတွေလည်း ရှိပါတယ်” ဟု ဝီဒိုဒိုက ပြောခဲ့သည်။

အင်ဒိုသမ္မတက ယခုကဲ့သို့ သံတမန်ရေးရာအရ တိတ်တဆိတ် ဖြေရှင်းခြင်းသည် ၎င်းပြည်သူနှင့် မြန်မာပြည်သူတို့ကြား ဆက်ဆံရေး ခိုင်မာလာစေရန်အတွက် ဖြစ်ပြီး ထိုချဉ်းကပ်မှုသည် ရှုပ်ထွေးသော ကိစ္စရပ်များကို ဖြေရှင်းရာတွင် အရေးကြီးသည်ဟု ပြောလာခဲ့သည်။

Source: Straitstimes


LEAVE A REPLY

Please enter your comment!
Please enter your name here