ငလျင်ဘေးသင့်တုကီယေး၌ ရေကြီးမှုကြောင့်လူ ၁၄ ဦးသေဆုံး

0
98

ပြီးခဲ့သည့်လက ငလျင်ဒဏ်အပြင်းအထန်ခံခဲ့ရသော တုကီယေး နိုင်ငံ၏ ပြည်နယ်နှစ်ခု၌ မိုးသည်းထန်စွာရွာသွန်းကာ ရေကြီး သဖြင့် လူ ၁၄ ဦး ထက်မနည်း သေဆုံးခဲ့ေကြာင်း သိရသည်။

အနည်းဆုံးငါးဦးပျောက်ဆုံးနေသေးကြောင်းလည်း ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၏ပြောကြားချက်အရသိရသည်။

ယခုရေကြီးမှုသည် လူပေါင်း ၅၂,၀၀၀ ကျော်သေဆုံးခဲ့ရသည့် ငလျင်လှုပ်ခတ်မှုအပြီး၌ ဆက်လက်ဖြစ်ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။

ယခုမိုးကြီးရေလျှံမှုသည် အင်္ဂါနေ့ညနေပိုင်းကစတင်ဖြစ်ပေါ်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ညနေပိုင်းအထိဆက်လက်ဖြစ်ပေါ်နိုင်သည်ဟုလည်း မိုးလေဝသပညာရှင်များကခန့်မှန်းထားသည်။

အရှိန်နှင့်စီးလာသောရေထဲ၌ ကားများ, ပစ္စည်းများ နှင့် လူအချို့မြောပါနေသည်ကိုလည်း ဗီဒီယိုထဲ၌တွေ့ရသည်။

တုကီယေးစစ်သားများ၊ရဲတပ်ဖွဲ့များနှင့် ကယ်ဆယ်ရေးအဖွဲ့များလည်း ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးခြင်းအပါအဝင် ကယ်ဆယ်ရေးလုပ်ငန်းများကိုအင်တိုင်အားတိုက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

ယခုအချိန်ထိသေဆုံးသူ ၁၄ ဦးရှိနေပြီဖြစ်ကာ သေဆုံးသူများအနက် အသက်တစ်နှစ်အရွယ်ကလေးငယ်လည်းပါဝင်သည်ဟုဆိုသည်။

Source – Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here