ထိုင်းတွင် ဒူးရင်းသီး သူခိုးများကြောင့် ဒူးရင်းခြံများကို ရဲတပ်ဖွဲ့က စောင့်ကြည့်ပေးနေရ

0
241

ထိုင်းရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံအရှေ့ပိုင်း ထရတ် ပြည်နယ်ရှိ စိုက်ခင်းတစ်ခုမှ ဘတ်ငွေ ၁သန်း တန်ဖိုးရှိသော ဒူးရင်းသီးများကို သူခိုးများက ခိုးယူခဲ့ပြီးနောက် နိုင်ငံ၏ ပထမဆုံးသော ဒူးရင်းသီး စောင့်ကြပ်ရေး ဝန်ဆောင်မှုကို စတင်ပေးဆောင်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် သူခိုးများသည် လယ်သမားများ၏ စိုက်ခင်းများရှိ ဒူးရင်းသီးများကို ညဘက်တွင် လာရောက် ခိုးယူနေကြောင်း တိုင်ကြားကြရာမှ အဆိုပါ ဝန်ဆောင်မှု စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဝန်ဆောင်မှု အစီအစဉ်ကို တနင်္လာနေ့တွင် စတင်ခဲ့ပြီး ယခုလက်ရှိ မူအန် ခရိုင်ရှိ အာအို ချို ရဲစခန်းက လယ်သမားများထံ ဝန်ဆောင်မှုပေးရန် ကမ်းလှမ်းနေကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် ဝန်ဆောင်မှုအတွက် လာရောက်စာရင်းသွင်းထားသော လယ်သမားများ၏ ခြံများကို သူခိုးများ အလှုပ်ရှားဆုံးအချိန်ဖြစ်သည့် ညဘက်များတွင် ပိုမိုစောင့်ကြည့်ပေးသွားမည်ဟု အာအို ချိုရစခန်းမှ ရဲအရာရှိ အာရီယာချိုင် သီမာက ပြောလာသည်။

ရဲအရာရှိအဖွဲ့များသည် ဒူးရင်းခြံများကို ညနေ ၆ နာရီမှ ညသန်းခေါင်အထိ နှင့် ညသန်းခေါင်မှ မိုးလင်းသည်အထိ နှစ်ဆိုင်းခွဲ၍ ကင်းလှည့်ပေးသွားမည်ဖြစ်ပြီး ဒူးရင်းသီးများ ခူးဆွတ်ရောင်းချပြီးသည်အထိ ဆက်လက်စောင့်ကြည့်ပေးမည် ဖြစ်သည်။

Source: Straitstimes


LEAVE A REPLY

Please enter your comment!
Please enter your name here