ကျောက်တုံးကျောက်ဆောင်ကဲ့သို့ဖြစ်နေသော ပလပ်စတစ်များ ဘရာဇီးတွင် စတင်တွေ့ရှိ

0
224

လိပ်စိမ်းများ ခိုလှုံရာအဖြစ် လူသိများသော ဝေးလံခေါင်သီ ဘရာဇီးကျွန်းတစ်နေရာကို လေ့လာနေသည့် သုတေသီများသည် စွန့်ပစ်ပလတ်စတစ် အပျက်အစီးများစုပုံ၍ ခဲနေသည့် ပလပ်စတစ်ကျောက်တုံးကျောက်ဆောင်များကို တွေ့ရှိပြီးနောက် အံ့အားသင့်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

သုတေသီများသည် Trindade Island တွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့အား “ပင်လယ်မှ အနည်အနှစ်များနှင့် စွန့်ပစ်ပလတ်စတစ်များအပြင် အခြား ပလပ်စတစ်အပျက်အစီးများ” စုစည်းကာ ကျောက်တုံးကျောက်ဆောင်ကဲ့သို့ဖြစ်နေသည်ကို တွေ့ရှိခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ငါးဖမ်းပိုက်များမှ အဓိက ဆင်းသက်လာသည်ဟု ယူဆရသည့် ယင်းပလပ်စတစ်များသည် ကျွန်းပေါ်တွင် မျောပါသွားပြီး နောက်ဆုံးတွင် အရည်ပျော်ကာ ကျွန်း၏ သဘာဝမြေသားတွင် အခြေတည်သွားခြင်းဖြစ်သည်။

“ဒါဟာ အသစ်တွေ့ရှိမှုတစ်ခုဖြစ်ပြီး ကြောက်စရာကောင်းတဲ့ ညစ်ညမ်းမှုဟာ သဘာဝမြေလွှာနဲ့ပေါင်းစည်းသွားတာကို ပထမဆုံးတွေ့ရှိတာလဲဖြစ်ပါတယ်” ဟု Federal University of Parana မှ ဘူမိဗေဒပညာရှင် Fernanda Avelar Santos က Reuters သို့ ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here