နိုင်ပွဲရှာတွေခဲ့တဲ့ ရတနာပုံနဲ့ ရခိုင်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ ရန်ကုန်

0
108

၂၀၂၃ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၅) ဒုတိယရက်ပွဲစဉ်အဖြစ် ရတနာပုံအက်ဖ်စီနဲ့ ဒဂုံစတားယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်နဲ့ ရခိုင်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

သု၀ဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရတနာပုံအက်ဖ်စီနဲ့ ဒဂုံစတားယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရတနာပုံအက်ဖ်စီက ၂ ဂိုး ၁ ဂိုးရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

ရတနာပုံအက်ဖ်စီဟာ ဒီနေ့ပွဲစဉ်မှာ အရင်ပွဲတွေထက်ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းပြသနိုင်ခဲ့ပြီး (၅) ပွဲကစားပြီးချိန်မှာတော့ သူတို့အသင်းအတွက် ပထမဆုံးနိုင်ပွဲကို ရရှိသွားပြီဖြစ်ပါတယ်။

YUSC ကွင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန်ယူနိုက်တက်နဲ့ ရခိုင်ယူနိုက်တက်တို့ ပွဲစဉ်မှာလည်း ရခိုင်ယူနိုက်တက်က ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီနှစ်မှာ ရှမ်းယူနိုက်တက်ထံက ချန်ပီယံဆု ပြန်လည်ရယူဖို့ ပြင်ဆင်မှုတွေများစွာ ပြုလုပ်ထားတဲ့ ရန်ကုန်ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ အိမ်ကွင်းမှာပဲ ရခိုင်ယူနိုက်တက်ကို ရှုံးနိမ့်သွားတာကြောင့် ရှမ်းယူနိုက်တက်နဲ့ (၃) မှတ်ကွာဟ သွားပြီဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ GFA အသင်းနဲ့ ဒီရာသီမှာ ခြေစွမ်းပိုမိုတ်ိုးတက်လာတဲ့ အား/ကာသိပ္ပံ (ISPE) အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here