တရုတ်အစိုးရနှင့် လက်တွဲကာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး တိုးမြှင့်လုပ်ဆောင်သွားမည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့များပြော

0
195

တရုတ်အစိုးရနှင့် လက်တွဲပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး တိုးမြှင့်ဆောင်ရွက်သွားမည့်အပြင် ကျန်းမာရေး၊ လူမှုရေး၊ လူဝင်မှု၊ ကုန်သွယ်ရေးနှင့် အခြားက ဏ္ဍများပါ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ” ဝ” ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ပြောကြားလိုက်သည်။

မတ်လ (၁၅) ရက်နှင့် (၁၆) ရက်တွင် ကျင်းပခဲ့သည့် FPN CC အဖွဲ့ အစည်းအဝေးအပြီး ထုတ်ပြန်သည့် ထုတ်ပြန်ချက်မှတဆင့် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ဦး ဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (၇)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံ ရေးဆွေးနွေးညှိနှိုင်းရေးကော်မတီက လုပ်ငန်းအစည်းအဝေးကို ပန်ဆန်းမြို့တွင် (၂) ရက်တာကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပရေး ရာများ၊ အဖွဲ့အစည်း တည်ဆောက်မှု အခြေအနေများကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသ ည်။

မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ လူနည်းစု တိုင်းရင်း သားများအနေဖြင့် ဗမာပြည်မနှင့် အလုံးစုံငြိမ်းချမ်းရေးတည်ဆောက်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တ ည်ဆောက်သွားမည်ဟုလည်း FPNCC အဖွဲ့က ဆိုသည်။

ယင်းသို့ တည်ဆောက်ရာတွင် နည်းလမ်းမျိုးစုံရှိသော်လည်း လူနည်းစုတိုင်းရင်းသားများ၏ အင်အားကို အားကိုးရမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည့် ထုတ်ပြန်ချက်မှတဆင့် ထုတ်ဖော်ပြောကြားထားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းရေးအတွက် တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်းလည်း မြောက်ပိုင်း မဟာမိတ်အဖွဲ့များက ဆိုသည်။

ယခုပြုလုပ်သည့် လုပ်ငန်းအစည်းအဝေးသည် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက တရုတ်အထူးသံတမန် Den g Xijun နှင့် FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက် ကို င်အဖွဲ့များတွေ့ဆုံမှု နောက်ပိုင်း ဖြစ်ပေါ်လာသည့် မြောက်ပိုင်းအဖွဲ့များ၏ တွေ့ဆုံမှုလည်း ဖြစ်နေသည်။

FPNCC အဖွဲ့ဝင် (၇) ဖွဲ့တွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုး သား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (NDA A)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းအမျိုး သားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here