ခြေထောက်နှစ်ချောင်းအပေါ်ထောင်၍ ရေမြောင်းထဲကျသေဆုံးနေသူအား မင်္ဂလာတောင်ညွှန့်မြို့နယ်တွင်တွေ့ရှိ

0
105

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရေတွင်းကုန်းရပ်ကွက်ရှိ ရေမြောင်းတစ်ခုအတွင်းမှ မတ် ၁၆ ရက်ညကတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ည ၁၀ နာရီကျော်ခန့်က မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရေတွင်းကုန်းရပ်ကွက်၊ ၁၂၂ လမ်းနှင့်အာသောကလမ်းထောင့်ရှိ ရေမြောင်းအတွင်း၌ အသက်(၄၅)နှစ်ရှိ အမျိုးသားတစ်ဦးအား ရေမြောင်းထဲသို့ဦးခေါင်းစိုက်ကာ ခြေထောက်နှစ်ချောင်းအပေါ်ထောင်ရက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

“အဲ့နားမှာဖြတ်သွားဖြတ်လာလုပ်နေတဲ့လူတွေကတွေ့လို့ အသင်းကိုဖုန်းဆက်တာနဲ့သွားပြီးသယ်ပေးခဲ့တာပါ ခေါင်းပိုင်းခန္ဓာကိုယ်တဝက်က ရေထဲမြုပ်ပြီးသေဆုံးနေတာပါ မိသားစုနဲ့အဆက်အသွယ်မရသေးပါဘူး”ဟု မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား တာဝန်ရှိသူ များ၏ စစ်ဆေးမှုများပြီးသည့်အချိန်တွင် မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြသည်။

“စုံစမ်းလို့သိရသလောက်ဆိုရင် သေဆုံးသူက သန်လျင်က ဦးမျိုးအောင်(ခ)ကတုံး(ခ)BE(၄၅) နှစ်ပါ အရင်ကဆိုက်ကားနင်းတယ်တဲ့ ပြင်ပဒဏ်ရာမတွေ့ပါဘူး”ဟု မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြော သည်။

Photo – မင်္ဂလာတောင်ညွှန့်လူငယ်


LEAVE A REPLY

Please enter your comment!
Please enter your name here