မရမ်းကုန်းမြို့နယ်တွင် မြေးအဘွားနှစ်ဦးထဲရှိချိန် နေအိမ်မီးလောင်မှုဖြစ်ပွား

0
88

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်၊အမှတ်(၈)ရပ် ကွက်ရှိ နေအိမ်တစ်လုံး၌ မတ် ၁၇ ရက်(ယနေ့) နံနက်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းတို့မှ သိရသည်။

ယနေ့နံနက် ၁၀ နာရီ ၄၉ မိနစ်ခန့်က မရမ်းကုန်းမြို့နယ်၊အမှတ်(၈)ရပ်ကွက်၊ဂန္ဓမာလမ်းရှိ နေအိမ်တစ်လုံးတွင် မြေးအဘွားနှစ်ဦးထဲရှိနေချိန်၌ မီးလောင်မှုဖြစ်ပွား၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊မရမ်းကုန်းမြို့နယ်မီးသတ်စခန်း၊သမိုင်းနယ်မြေမီးသတ်စခန်းနှင့်လူမှုကူညီရေးအသင်း ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက် ၁၀ နာရီ ၅၉ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၁ နာရီ ၁ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“ကျွန်တော်တို့က မီးဝိုင်းငြှိမ်းဖို့ရယ် ထိခိုက်ဒဏ် ရာရတဲ့လူတွေရှိရင်ကူညီပေးဖို့အတွက်ရယ်သွားခဲ့ပါတယ် မီးလောင်တဲ့အချိန် မြေးအဘွားနှစ်ယောက်ထဲရှိတဲ့အချိန်ပေါ့ တခြားအိမ်သားတွေကအလုပ်သွားနေကြတာ မီးလောင်တော့ မြေးအ ဘွားနှစ်ယောက်ကိုဘေးအိမ်တွေကခေါ်ထားတဲ့အတွက် အသက်အန္တရာယ်မရှိခဲ့ပါဘူး”ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းမှ ကိုလွင်မောင်ကပြောသည်။

မီးလောင်မှုကြောင့် နေအိမ်အနောက်ဘက်အ တွင်းပိုင်းမှာ ပျက်စီးဆုံးရှုံးခဲ့ပြီး ဘေးအိမ်များအားကူးစက်လောင်ကျွမ်းခဲ့ခြင်းမရှိခဲ့ဘဲ ဖြစ်စဥ်အား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here