မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ်ဒေသရေးရာများအား တာချီလိတ်တွင်တွေ့ဆုံဆွေးနွေး

0
137

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးဦးကျော်မျိုးထွဋ်နှင့် လာအိုနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး မစ္စတာ ဖိုဆိုင်းခိုင်ခန်းဖိထွန် တို့ ပူးတွဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် (၁၄)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့်နယ်စပ်ဒေသအာဏာပိုင်များအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

(၁၄)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့်နယ်စပ်ဒေသအာဏာပိုင်များအစည်းအဝေးအား မတ် ၁၅ ရက်က ရှမ်းပြည်နယ်၊တာချီလိတ်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် မြန်မာ-လာအို နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊အထူးသဖြင့် နယ်စပ်ဒေသအာဏာပိုင်များကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်သွားရေး၊နယ်စပ်ဖြတ်သန်းသွားလာခွင့်တို့အား ဆွေးနွေးခဲ့ကြသည်။

နယ်စပ်စစ်ဆေးရေးဂိတ်များ၊နယ်စပ်ကုန်သွယ်ရေး၊အလုပ်သမားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊မဲခေါင်မြစ်အတွင်း ရေကြောင်းသွားလာမှု၊နယ်နိမိတ်မှတ်တိုင်များစစ်ဆေးခြင်းနှင့်ပြုပြင်မွမ်းမံခြင်း၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုနှင့်အခြားကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

မတ် ၁၄ ရက်ကလည်း မြန်မာ-လာအို အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးအား နိုင်ငံခြားရေးဝန်ကြီးဌာန၊နိုင်ငံရေးရာဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဦးအောင်ကိုနှင့်လာအိုနိုင်ငံခြားရေးဝန်ကြီး ဌာန၊အမျိုးသားနယ်နိမိတ်ရေးရာကော်မတရုံး၏ ညွှန်ကြားရေးမှူးချုပ် မစ္စတာ အန်နိုးဆင်ခိုင်ပိညာလာ တို့ကဦးဆောင်ကျင်းပခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here