ကျိုင်းတုံမြို့တွင် ဓားပြခြိမ်းခြောက်၍ ဖုန်းလု ယက်သူကိုနာရီပိုင်းအတွင်းဖမ်းဆီးရမိ

0
139

ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့၊အမှတ်(၅)ရပ်ကွက်တွင် မတ် ၁၆ ရက်ညက အမျိုးသမီးတစ်ဦးအား ဓားပြခြိမ်းခြောက်၍ ဖုန်းလုယက်သူအား နာရီပိုင်းအတွင်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၈ နာရီခွဲခန့်က အမျိုးသားတစ်ဦးသည် ကျိုင်းတုံမြို့၊အမှတ်(၅)ရပ်ကွက်၊နောင်တုံကန်ပတ်လမ်းရှိ သစ်ပင်အောက်တွင် ဖုန်းပြောနေသည့် အမျိုးသမီးငယ်တစ်ဦးထံမှ ဖုန်းကိုလုယက်ခဲ့သည်။

ထို့ကြောင့် အမျိုးသမီးငယ်မှပြန်လည်ဆွဲယူရာ လုယက်သူက ၈ လက်မခန့်ရှိဓားအားပြသခြိမ်း ခြောက်၍ ဖုန်းကိုလုယူထွက်ပြေးသွားခဲ့သဖြင့် အမျိုးသမီးငယ်က ကျိုင်းတုံမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။

ကျိုင်းတုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ အေးသာယာမြို့နေ နေမင်းဦး(၃၆)နှစ်အား လုယက်ယူဆောင်သွားသည့် ဖုန်းနှင့်အတူနာရီပိုင်းအတွင်း၌ ဖမ်းဆီးရမိခဲ့သဖြင့် အမှုဖွင့်စစ် ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here