Taxi ကားကလမ်းဘေးရပ်ထားသည့် ကားကိုဝင်တိုက် Taxi မောင်းသူကားအတွင်းညပ်ပြီး ထိခိုက်ဒဏ်ရာများရ

0
177

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊(၇)စျေးလမ်းမကြီးပေါ်တွင် မတ် ၁၆ ရက်ညကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယမန်နေ့ည ၈ နာရီ ၁၅ မိနစ်ခန့်က သာကေတမြို့ နယ်၊(၇)စျေးလမ်းမကြီးပေါ်ရှိ အ.ထ.က(၂)ရှေ့တွင် Taxi တစ်စီးမှလမ်းဘေးတွင် ရပ်ထားသည့်ကားအား အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိခဲ့သည်။

ဝင်တိုက်မိသည့်အရှိန်ကြောင့် Taxi ကားမောင်းသူမှာ ကားခေါင်းခန်းအတွင်း၌ညပ်နေသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ ကူညီကယ်ထုတ်ပေးခဲ့ကြပြီးနောက် ဦးခေါင်းကွဲနှင့်ခန္ဓာကိုယ်တွင် ပွန်းပွဲဒဏ်ရာများရရှိထားသဖြင့် မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြသည်။

ထို့နောက် ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here