ဖုန်းဆိုင် ဝါယာရှော့မီးက ​ဘေးဆိုင်များပါမီးကူး

0
114

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ရှုခင်းသာလမ်း၊ဓမ္မာရုံမှတ်တိုင်အနီးရှိ ၃ ခန်းတွဲဆိုင်ခန်းတွင် မတ် ၁၇ ရက်(ယနေ့)နံနက်အစောပိုင်း ၄ နာရီ ၂၈ မိနစ်ခန့်ကဖုန်းဆိုင်တွင် ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွား၍ သာကေတမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်မှုကြောင့် နံနက် ၄ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိသည်။

“ဆိုင်ခန်းတွဲက ၃ ဆိုင်ပါ ဖုန်းဆိုင်ကနေ ဝါယာရှော့ဖြစ်ပြီးစလောင်တာ ဘေးဆိုင်တွေက​တော့ မီးကူးရုံလောက်ပဲ။အချိန်မီထိန်းနိုင်ခဲ့တယ်။ ဖုန်းဆိုင်ကတော့တစ်ဆိုင်လုံးမီးလောင်ပျက်စီးသွားတယ်။ လူထိခိုက်တာမရှိပါဘူး”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here