လှည်းကူးတရားရုံးရှေ့တွင် ဗုံးပေါက်ကွဲ ၁ ဦးဒဏ်ရာရ

0
169

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်ရှိ လှည်းကူးတရားရုံးရှေ့တွင် မတ် ၁၇ ရက်(ယနေ့)နံနက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ယနေ့နံနက် ၁၁ နာရီခန့်က လှည်းကူးမြို့နယ်ရှိ လှည်းကူးတရားရုံးရှေ့ ဝင်/ထွက်ပေါက်တွင် ရပ်ထားသည့် ကား ၂ စီးကြားမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဗုံးပေါက်တာဟုတ်တယ်။ ကား ၂ စီးကြားကနေပေါက်တာ။ အသံကတော့ကျယ်တယ်။ လုံခြုံရေးအဖွဲ့တွေရောက်လာပြီး စစ်ဆေးသွားကြတယ်”ဟု လှည်းကူးမြို့ခံတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦးတွင်(မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လှည်းကူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here