ဒဂုံမြို့သစ် ၃ မြို့နယ်၌ မတ် ၁၉ ရက်တွင် ယာယီမီးပြတ်မည်

0
222

ရန်ကုန်တိုင်းရှိ ဒဂုံမြို့သစ် ၃ မြို့နယ်၌ မတ် ၁၉ ရက်တွင် လျှပ်စစ်မီးယာယီပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်း(YESC)ကအသိပေးထားသည်။

YESC မှ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ 230kV ဧရာဝဏ် ပင်မဓာတ်အားခွဲရုံတွင် 66kV ဧရာဝဏ်ဖီဒါ (၁)၏ Bus A D/S အထွက်ကြိုး (R Phase) တွင် ကြိုးလွန်းဖွာနေခြင်းနှင့်ကြိုးပြတ်နေခြင်းတို့ကြောင့် ကြိုးအသစ်လဲလှယ်သွားမည်ဖြစ်သည်။

ကြိုးအသစ်လဲလှယ်ခြင်းအား မတ် ၁၉ ရက်နေ့လည် ၁ နာရီမှ ၃ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ရာ ယင်းအချိန်များ၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့်ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တို့၏ နေရာအချို့တွင် လျှပ်စစ်မီးယာယီပြတ်တောက်မည်ဟု YESC ကအသိပေးခဲ့သည်။

ဒဂုံမြို့သစ် ၃ မြို့နယ်ရှိ နေရာအချို့တွင် လျှပ်စစ်မီးယာယီပြတ်တောက်မည်ဖြစ်သော်လည်း အရေးကြီးနေရာများ၌ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရန် အလေးထား ဆောင်ရွက်သွားမည်ဟု YESC ကအသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here