လွိုင်ကော်မြို့တွင် ယနေ့မွန်းလွဲပိုင်းက မိုးရွာသွန်းပြီးမိုးသီးများပါကြွေကျခဲ့

0
375

ကယားပြည်နယ်၊လွိုင်ကော်မြို့တွင် မတ် ၁၇ ရက် (ယနေ့)မွန်းလွဲက မိုးသည်းထန်စွာရွာသွန်းပြီး မိုး သီးကြွေကျမှုများပါရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

ယနေ့မွန်းလွဲ ၂ နာရီခန့်မှစတင်ကာ လွိုင်ကော်မြို့၌ လေပြင်းတိုက်ခတ်ပြီးနောက် ချိန်ခါမဟုတ် မိုး သည်းထန်စွာရွာသွန်းပြီး လွိုင်ကော်မြို့ရှိနေရာအချို့တွင် မိုးသီးကြွေကျမှုများလည်းရှိခဲ့သည်ဟု သိရသည်။

“လေတွေတိုက်ပြီး မိုးစရွာတာက ဒီနေ့မွန်းလွဲ ၂ နာရီလောက်မှာပါ တစ်နာရီနီးပါးလောက်ကြာတယ်မိုးရွာတာက လွိုင်ကော်မြို့ထဲက တစ်ချို့နေရာတွေမှာမိုးသီးတွေပါကြွေကျတယ် မိုးသီးအသေးလေးတွေပါပဲ”ဟု ရွှေလွိုင်ကော်ကယားပရဟိတအသင်းဝင်တစ်ဦးကပြော သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း မြန်မာနိုင်ငံရှိ နေရာအချို့တွင် လေပြင်တိုက်ခတ်မှုများနှင့်ချိန်ခါမဟုတ်မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး အချို့နေရာများ၌ မိုးသီးကြွေကျခြင်းများလည်းရှိခဲ့သည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here